စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လည်းဆောင်ရွက်လျက် ရှိပါသည်။
ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောဆောင်ရွက်ခြင်း (၂)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ မူလွန် ပိ တောက်(၁)ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးအသိ ပညာပေးဟောပြောပွဲကျင်းပခြင်းနှင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ အလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၌ပြဋ္ဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း၊ ပုဒ်မပေါင်း(၈၄)ခုပါဝင်ပြဋ္ဌာန်းထားကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖေ်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်နှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများအား အကျယ်တဝင့်ရှင်းလင်းပြေားကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အသေးစိတ်စိစစ်ချက်များပါရှိသောလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောခြင်း
Powered by Drupal