ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့တွင် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

Powered by Drupal

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးခေါင်းစဉ်ဖြင့် ‘တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း’ အား (၂၅.၁၀.၂၀၂၄) မှ (၃၀.၁၀.၂၀၂၄) ရက်နေ့အထိ အောင်ပန်းမြို့၊ သမဝါယမခန်းမတွင် ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်းသိရှိ ရပါသည်။

        အဆိုပါသင်တန်းတွင် တန်ဖိုးမြင့်စားသောက်ကုန်များထုတ်လုပ်မှုနည်းပညာများအား စာတွေ့လက်တွေ့ပို့ချပေးမည့်အပြင် သင်တန်းမှထူးချွန်သော သင်တန်းသား/ သူများအား စက်ယန္တရားများနှင့် ကုန်စည်ထုတ်လုပ်သည့် နည်းပညာပစ္စည်းများပေးအပ်၍ အသေးစားကုန်ထုတ်လုပ်ငန်းထူထောင်နိုင်ရေး ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)