ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် ရှမ်းပြည်နယ်တောင်ကြီးဘက်မှ ရှမ်းခရမ်းချဉ်သီးများ ၅ရက်ခြားလျှင် တစ်ကြိမ်အဝင်ရှိနေပြီး တစ်သေတ္တာလျှင် ၁၅ပိဿာဝင်ဆံ့သည့် သေတ္တာပေါင်း ၂၀ခန့်ဝင်ရောက်မှုရှိနေသည်။ ရှမ်းခရမ်းချဉ်မှာ အနှစ်ရသဖြင့် စားသုံးမှုများပြီး အဝင်ရှိသလောက် အရောင်းအဝယ်သွက်လျက်ရှိကာ ဖောက်သည်ဈေး တစ်ပိဿာလျှင် ကျပ် ၆၅၀၀-၇၀၀၀ နှုန်းရှိသဖြင့် လက်လီမြို့ပေါ်ဈေးများတွင် တစ်ပိဿာကို အလုံးအကြီး/ အသေးပေါ်မူတည်၍ ကျပ် ၈၀၀၀-၈၅၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည်။ ပြည်ဈေးကွက်အတွင်း ရှမ်းခရမ်းချဉ်သီးအပြင် အချဉ်စူးသောအရသာရှိသည့် ရွှေတောင်၊ ပြည်ဒေသအနီးတဝိုက်နှင့် ပြည်အနောက်ဘက်ကမ်းရွာများမှ အဝင်ရှိသော ကိုင်းခရမ်းချဉ်သီး (ခေါ်) ဗမာခရမ်းချဉ်သီးများလည်း ရောင်းဝယ်မှုရှိနေပြီး ဈေးကွက်သို့ ၃ရက်ခြားတစ်ကြိမ်ခန့်အဝင်ရှိကာ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၁၀၀၀၀)နှုန်းရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)
ပြည်ခရမ်းချဉ်ဈေးမြင့်သော်လည်း အရောင်းသွက်
Powered by Drupal