စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း တင်း/ တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။
ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ပွဲရုံသို့ဝင်ရောက် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ အဝင် /အထွက် တင်းများ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ကုလားပဲ v2(၁၃၅)တင်း ဈေးနှုန်းမှာ(၉၆၀၀၀)ကျပ်၊ ကုလားပဲ 929(၆၈၅.၅) တင်း ဈေးနှုန်းမှာ (၉၂၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ်(၉၄.၅)တင်း ဈေးနှုန်းမှာ(၈၇၀၀၀)ကျပ်၊ မတ်ပဲ အမျိုးအစား(၇၂၀)တင်း ဈေးနှုန်းမှာ(၁၀၀၀၀၀)ကျပ်၊ နှမ်း(နက်)(၃၄.၅)တင်း ဈေးနှုန်းမှာ (၂၁၀၀၀၀)ကျပ်၊ နှမ်း(ဖြူ)(၆၇.၅)တင်း ဈေးနှုန်းမှာ (၁၅၂၀၀၀)ကျပ်၊ နေကြာ(၄၉၀.၅)တင်း ဈေးနှုန်းမှာ (၇၀၀၀၀)ကျပ်၊ ပဲတီစိမ်း(၅၄၇.၅)တင်း ဈေးနှုန်းမှာ (၇၈၀၀၀)ကျပ်နှင့် cpပြောင်းဆံ(၁၅၀၀)တင်း ဈေးနှုန်းမှာ (၁၉၀၀၀) ကျပ် အသီးသီးပေါက်ဈေးရှိကြောင်း သိရသည်။
ယခင် စက်တင်ဘာလ ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင်(၂၀၀၀)ကျပ်၊ ကုလားပဲ 929တစ်တင်းလျှင်(၂၀၀၀)ကျပ် နှင့် ပြောင်းဆံ တစ်တင်းလျှင် (၆၀၀၀)ကျပ်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး ကုလားပဲv2 တစ်တင်းလျှင်(၁၀၀၀)ကျပ်၊ ပဲတီစိမ်း တစ်တင်းလျှင်(၁၀၀၀)ကျပ်နှင့် နေကြာ တစ်တင်းလျှင်(၁၂၀၀၀)ကျပ် ယခင်လဈေးနှုန်းထက် မြင့်တက်လျက် ရှိကြောင်း၊ ယခုရာသီတွင် ပြောင်းဆံများ အဝင်အများဆုံးကာလဖြစ်ပြီး ကန့်ဘလူမြို့ မြေထူး၊ မှော်တော်၊ စန္ဒယား၊ ကျောက်အိုင်ကျေးရွာများအားလုံးမှ ဝင်ရောက်လာကြောင်း ၊ ပဲတီစိမ်း၊ မတ်ပဲတို့ကိုတော့ ကန့်ဘလူမြို့နယ်အတွင်းရှိ ဆကုန်း၊ ဆကိုင်း၊ ခရောင်ရင်း၊ ရင်းသာကျေးရွာများမှ အများဆုံး ဝင်ရောက်ကြောင်းနှင့် မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံ တစ်ခုတည်းကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)