ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း) မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အောင်ပန်းမြို့ လွယ်မောကျေးရွာရှိ ဖြူစင်မေတ္တာ(ကိုယ်ပိုင်အထက်တန်းကျောင်း) ရှိ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊ စားသုံးသူများ၏အခွင့်အရေးများ နှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာမှုများရှိပါ ကတိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)