မြေပဲစိုက်ပျိုးခြင်းဖြင့်တောင်သူများအကျိုးအမြတ်ရနေ

Powered by Drupal

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်သည် ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုး‌ရေးလုပ်ငန်းမျာကို အဓိကလုပ်ကိုင်လျက်ရှိရာ၊ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာတွင် မြေပဲစိုက်ဧက ၁၃၀၀ ‌ကျော် စိုက်ပျိုးထားရှိကြောင်း၊ မြေပဲကို မေလတွင်စိုက်ပျိုးပြီး ဩဂုတ်လတွင် တူးဖော်ကြကြောင်း၊ စိုက်ပျိုးထုတ်လုတ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်မြေပဲ တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၆၅၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧက ပျမ်းမျှ ၆၁ တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

           ယခုနှစ်တွင် စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်မှုကြောင့် မြေပဲအထွက်နှုန်းကောင်းမွန်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ဒေသတွင်းပေါက်ဈေးမှာ မြေပဲသီးနှံ အရည်အသွေးပေါ် မူတည်၍ မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၂၇၀၀၀ မှ ၃၀၀၀၀ ထိ  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ကျိုင်းတုံမြို့နယ်အတွင်းမှထွက်ရှိသော မြေပဲသီးနှံများကို ဒေသခံကုန်သည်များကဝယ်ယူ၍ ရန်ကုန်သို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)