ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ ဓာတ်မြေဩဇာအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်နှင့်ဝန်ထမ်းများ၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး၊ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအမျိုးအစားအမျိုးမျိုးဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရန်ကုန်ဈေးနှုန်းများကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအပေါ် ကော့မှူးမြို့နယ်အရောက် သယ်ယူစရိတ်ပါ အမြတ်ရာခိုင်နှုန်းအား တွက်ချက်ထားပြီးဖြစ်သဖြင့် တောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)