ကမ္ဘောဒီးယားနှင့်တရုတ်နိုင်ငံတို့ ဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလျက်ရှိ

Powered by Drupal

       ၂၀၂၄ခုနှစ် တရုတ်-ကမ္ဘောဒီးယားဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် တရုတ်-ကမ္ဘောဒီးယား ဒစ်ဂျစ်တယ်စီးပွားရေးပညာရှင်အသင်းစတင်ဖွင့်လှစ်ခြင်းတို့သည် နှစ်နိုင်ငံအကြား ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်သည်။ Sofitel Phnom Penh Phokeethra ၌ ကျင်းပအပြုလုပ်ခဲ့သော ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှု၊ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ် Aun Pornmoniroth က အလေးပေးပြောကြားခဲ့သည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးရေရှည်တည်တံ့စေရေးအတွက် ဒီဂျစ်တယ်နည်းပညာကိုအသုံးချရန် ကမ္ဘောဒီးယားနိုင်ငံ၏မျှော်မှန်းချက်နှင့်ကိုက်ညီကြောင်း ထပ်မံပြောကြားခဲ့သည်။ အဆိုပါ ခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးအပါအဝင် ထိပ်တန်းပုဂ္ဂိုလ်အများအပြားတက်ရောက်ခဲ့ကြသည်။ အဖွင့်မိန့်ခွန်းတွင် Aun Pornmoniroth သည် နှစ်နိုင်ငံဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရာတွင် ဖိုရမ်၏အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်းသည် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန်နှင့် နည်းပညာနယ်ပယ်တွင်းသာမက နှစ်နိုင်ငံဒစ်ဂျစ်တယ်စီးပွားရေး အလုံးစုံဖွံဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် အထောက်အကူဖြစ်စေသည်ဟုပြောကြားခဲ့သည်။ ဒစ်ဂျစ်တယ်နည်းပညာလျင်မြန်စွားတိုးတက်မှုသည် ကုန်ထုတ်စွမ်းအားနှင့် ကမ္ဘာ့ကုန်သွယ်မှုကိုတွန်းအားပေးသည့် ဆန်းသစ်တီထွင်မှုများဖြင့် စီးပွားရေးလမ်းကြောင်းသစ်များကိုဖန်တီးပေးခဲ့သည်။ ၂၀၂၄ခုနှစ် ပထမသုံးလပတ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၉.၈ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၃ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၃.၂ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားတင်ပို့မှုသည် ၂၁ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံခန့်မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံမှ သွင်းကုန် ၁၂ရာခိုင်နှုန်းတိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၅၂ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)