မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မကွေးမြို့၊ မင်းဘူးမြို့၊ သရက်မြို့နှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီ(အလုံးကြီး)(၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၄၂၀၀)ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခင်အောက်တိုဘာလ (စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၇၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းကြက်သွန်နီစိုက်ခင်းများမှာ စိုက်ပျိုးဆဲဖြစ်ပြီး အခြားမြို့များရှိ ကုန်ပွဲရုံများတွင် သိုလှောင်ထားသည့်ကြက်သွန်နီများလျော့နည်းလာသည့်အတွက် ဈေးနှုန်းမှာမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။