မအူပင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်စုံဆိုင်များတွင်ရောင်းချနေသော ဟင်းခတ်အမွေးအကြိုင်များအား ကုန်အညွှန်းအမှတ်အသားပါဝင်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်မျိုးစုံဆိုင်များမှ ဟင်းချက်ရာတွင် ထည့်၍ချက်ပြုတ်သော ဟင်းခတ်အမွှေးအကြိုင်ထုပ်/ ပါကင်ဘူးများတွင် ကုန်အညွှန်းဖော်ပြပါဝင်မှုအခြေအနေနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် (၄-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဦးစားပေးကုန်စည် (၁၀) မျိုးအား လအလိုက် လျာထား၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်မြို့နယ်တာဝန်ခံက ဟင်းလျာများတွင် အရောင်အနံ့အရသာအတွက်အသုံးပြုသော ဈေးကွက်ရောက်ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးရာတွင် အလေးချိန် - ဂရမ်ပါဝင်မှု - ထုတ်လုပ်သည့်နိုင်ငံပါဝင်ဖော်ပြမှု - ထားသိုပုံအညွှန်း - ပါဝင်သောပစ္စည်းများ - ကုန်ပစ္စည်းမိတ်ဆက် - ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါဝင်မှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်ကိုက်ညီမှုရှိသော ကုန်စည်ကိုသာ လုပ်ငန်းရှင်များကရောင်းချရန် အသိပေးပြောကြားပြီး ဈေးကွက်အတွင်းရောင်းချသော ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရောင်းချနေသောကုန်စည်တချို့တွင်လည်း (၂/၂၀၁၉)နှင့်အညီ ဖော်ပြပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်းသိရသည်။ လုပ်ငန်းရှင်များကိုလည်း သတ်မှတ်ချက်များနှင့်မကိုက်ညီသော ကုန်စည်များရောင်းချခြင်းမျိုးကိုစစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်ခံရမည်ဖြစ်၍ သက်ဆိုင်ရာဌာနတို့၏ သတ်မှတ်ချက်လမ်းညွှန်ချက်နှင့်ညီသော၊ ဘေးအန္တရာယ်ကင်းသော ကုန်စည်ကိုသာရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)