အခြေခံပညာကျောင်းနေရွယ်ကလေးများ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို လိုက်နာကျင့်သုံးရွေးချယ်တတ်စေရန် ကလေးများ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို သိရှိနားလည်တတ်စေရန်၊ မိမိအခွင့်အရေးကို တောင်းဆိုတက်စေရန်အတွက် ဓနုဖြုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဓနုဖြူ၊ အမှတ်(၆) (ဘီဘီအမ်)၊ အခြေခံပညာမူလတန်းကျောင်း၊ (၄)ရပ်ကွက် ရှိ ကျောင်းသား/ သူများကို (၄-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်၌ အသိပညာပေးဟောပြောပွဲပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူက ကလေးငယ်များအား မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လည်းလေ့လာရမည့်အကြောင်း နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများပြုလုပ်၍ အသိပညာပေးပြောကြားခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးက တာဝန်ရှိသူက ကလေးငယ်များအား စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သည့် စိတ်ကြိုက်ရွေးချယ်ခွင့်၊ ဘေး အန္တရာယ်ကင်းရှင်းစွာသုံးစွဲခွင့်၊ မှန်ကန်သောသတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကိုတိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များသိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား/ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့်ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများကို သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန်မေးမြန်းခြင်းတို့ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ(၁၅၈)ဦး၊ ဆရာ/ ဆရာမ(၆) ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)
အမှတ်(၆) (ဘီဘီအမ်)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော
Powered by Drupal