အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ မှတ်ပုံတင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ခဲ့ပြီး၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့မှစတင်၍ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ (Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System အကြောင်းများကို ရှင်းလင်းဆွေးနွေးပွဲများပြုလုပ်ခဲ့ကြသည်။
စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်းနှင့် (၄-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ မအူပင်မြို့နယ်မှ အွန်းလိုင်းစနစ်ဖြင့် ရောင်းချသူလုပ်ငန်းရှင်များတချို့က အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းအခက် အခဲရှိ၍ မှတ်ပုံတင်နိုင်ရေးအတွက် ဌာနသို့ ကူညီဆောင်ရွက်ရန် လာရောက်ခဲ့ကြပြီး မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကလည်း အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်လုပ်ငန်းတွင် လိုအပ်သော ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales)၊ လုပ်ငန်းမှတ်ပုံတင် (အသစ်)လျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်များကို လုပ်ငန်းရှင်အား ရှင်းလင်းပြောပြခဲ့ပြီး လုပ်ငန်းရှင်တို့က မှတ်ပုံတင်လျှောက်ထားရာတွင် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံချက်၊ လုပ်ငန်းတည်နေရာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံချက်၊ လုပ်ငန်းပိုင်ရှင်၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ လုပ်ငန်းပိုင်ရှင်၏ မှတ်ပုံတင်အရှေ့အနောက်ဓတ်ပုံ၊ ပတ်စပိုစ့်ဆိုဒ် ဓာတ်ပုံ၊ လုပ်ငန်း၏ Logo ပုံတို့နှင့်အတူ မှတ်ပုံတင် Certificate ရရှိသည်အထိ ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)