မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ် စိုက်ဧကအများဆုံးစိုက်ပျိုးလျက်ရှိပြီး ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ အောက်တိုဘာလအတွင်း၌ တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၅)သောင်းမှ (၇)သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၁၇)သိန်းခန့်ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှသိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီ တောဈေးဂျွန် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀-၁၄၀၀)၊ (ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၁၈၅၀-၁၄၀၀)၊ (တတိယပတ်)တွင် ကျပ်(၂၆၀၀-၁၈၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဈေးဆက်လက်မြင့်တက်ပြီး ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၈၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အောက်တိုဘာလအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၉၀၀)ခန့်ဈေးတက်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်းဝယ်ယူစားသုံးမှုအပြင် ပြည်ပနိုင်ငံများမှဝယ်ယူမှုများပြီး ဒေသတွင်းကြက်သွန်နီအဟောင်း ရာသီကုန်ဆုံးချိန်တွင် ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် အောက်တိုဘာလအတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၈)သိန်း၊ ကားအစီးရေ(၈၀)စီး၊ ပြည်၊ ပုသိမ်မြို့သို့ ကြက်သွန်နီပိဿာချိန်(၁)သိန်း၊ ကားအစီး ရေ(၁၂)စီး၊ မြဝတီမြို့သို့ ပိဿာချိန် (၇)သိန်း၊ ကားအစီးရေ (၄၅)စီး၊ မော်လမြိုင်မြို့သို့ ကြက်သွန်နီပိဿာချိန်(၁)သိန်း၊ ကားအစီးရေ(၁၀)စီး၊ စုစုပေါင်းကြက်သွန်နီပိဿာချိန် (၁၇)သိန်းခန့်၊ အိတ်ရေ (၆)သောင်း၊ တန်ချိန်အားဖြင့် (၂၇၇၆)တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ဘင်္ဂလားဒေရှ့်၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ှနိုင်ငံများသို့တင်ပို့ကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)
၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်သွက်နေ
Powered by Drupal