မအူပင်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလ လဆန်းပိုင်းရက်တို့က မအူပင်မြို့နယ်အတွင်း တရားမဝင်ကုန်စည်များ သိုလှောင်ရုံများတွင် သိုလှောင်ထားရှိမှု ရှိ/မရှိနှင့် မအူပင် တိုးမြစ်ရေလမ်းတလျှောက် သယ်ယူပို့ဆောင်ခြင်း ရှိ/ မရှိကို (၅.၁၁.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀) နာရီမှ နေ့လယ်(၁၅:၀၀) နာရီအချိန်အထိ ခရိုင်အဖွဲ့နှင့် အတူ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဒေသတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်ရာတွင် မျှတမှုရှိစေရန် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းသော ဘေးကင်းလုံခြုံစိတ်ချရမှုရှိသောကုန်စည်ကို သုံးစွဲနိုင်ရန်၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းပပျောက်စေရေးနှင့် တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် အရှိန်အဟုန်မြှင့်တားဆီးနိုင်ရေး၊ တရားမဝင်တင်သွင်းလာသော လူသုံးကုန် ပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်းများသာမက နယ်ကျော် တရားမဝင်ဒေသထွက် လယ်ယာထွက်ကုန်များ စီးထွက်မှုမရှိစေရေး၊ ဒေသတွင်း ထိခိုက်မှုမရှိစေရေးရည်ရွယ်၍ မအူပင်ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် အောက်တိုဘာလ၊ လကုန်ပိုင်းက မအူပင်မြို့နယ်အတွင်း တရားမဝင်ကုန်စည် သိုလှောင်ထားရှိမှုရှိ/ မရှိ သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ မအူပင်တိုးမြစ်ကမ်းဘေး တရာမဝင်ကုန်စည်များသယ်ယူနေမှုအခြေအနေများရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး မအူပင်မြို့နယ်အတွင်း အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းရှင့်များ ကုန်လမ်း/ ရေလမ်းကြောင်းများဖြင့် တရားမဝင် ကုန်စည်များသယ်ယူခြင်း/ သိုလှောင်ခြင်း မရှိကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)