ပန်းတနော် နေနတ်သား ဆန်စက်အား စပါးကြိတ်ခွဲမှု ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံတို့သည်  (၅.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေနတ်သား ဆန်စက်သို့သွားရောက်၍ စပါးကြိတ်ခွဲမှု၊ ဆန်သိုလှောင်ထားရှိမှု၊ ဆန်/ ဆန်ကွဲ တင်ပို့ရောင်းချမှု ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ကွင်းဆင်းစစ်ဆေးရာတွင် နေနတ်သားဆန်စက်လုပ်ငန်းရှင် ဦးဝင်းမောင်၏ ဆန်ကြိတ်ခွဲနေမှု ဆန်စက်လုပ်ငန်းအဆင့်ဆင့်ကို ပန်းတနော်မြို့နယ်တာဝန်ခံမှ ကြည်ရှုလေ့လာပြီး ဆန်စက်တွင် စပါးသိုလှောင်မှု MyRoမှတ်တင်ထားရှိပြီး ယခု ဆန်စက်တွင် နယ်မြေလယ်သမားများကြိတ်ခွဲရန် စပါးတင်း (၁၀၀၀၀) သိုလှောင်ထားပြီး ကြိတ်ခွဲနေကြောင်း၊ စပါးပေါ်ချိန်၌ တစ်နေ့ စပါးတင်း(၁၀၀၀)ကြိတ်ခွဲနိုင်ပြီး၊ စပါးတင်း (၁၀၀)လျှင် ဆန်အိတ် ၂၀ ထွက်ရှိ၍ စပါးတင်း(၁၀၀၀)ကြိတ်၍ ဆန်အိတ်(၂၀၀) ရရှိကြောင်း၊ ဆန်အိတ်များကိုသိုလှောင်ထားရှိမှု မများသော်လည်း မိမိလုပ်ငန်းတွင် ဒေသတွင်းရောင်းချနိုင်ရန် ဆန်အိတ် (၃၀၀)ကျော်သာရှိပြီး စားသုံးသူပြည်သူများအတွက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရပါသည်။ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီအရည်အသွေးမြှင့်စက်အသုံးပြုကြိတ်ခွဲမှူ၊ ဆန်စက်လည်ပတ်ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားရှိမှု အခြေအနေကိုစစ်ဆေးခြင်း၊ ဆန်ကြိတ်ခွဲပြီး အရည်အသွေးမှတ်ပြည်မီစွာကြိတ်ခွဲထွက်ရှိရေး အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)