စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ /မရှိအခြေအနေနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းစစ်ဆေးခြင်းလုပ်ငန်းကို (၅-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်မှ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူလုပ်ငန်းမှတ်ပုံတင်ထားပြီး လုပ်ငန်းများဖြစ်သည့် Min Min Myat(Online Shop) မအူပင်မြို့၊ Daw Saw Kyi 3D FoamWallsticker Wallpaper မအူပင် အောင်ဇေယျာလမ်း၊ KIT KIT MAY MAY (Online Shop) ၅ရပ်ကွက်၊ အောင်ဇေယျာလမ်း၊ မအူပင်မြို့ စသော အွန်လိုင်းရောင်းချသူလုပ်ငန်း(၃)ခုသို့ ကုန်စည်ဝန်ဆောင်မှုများသည် စနစ်တွင် ဖြည့်စွက်ထားသည့် အမျိုးအစားများအတိုင်း မြေပြင်တွင် ရောင်းချကုန်စည်များနှင့်ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးခြင်း၊ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိကိုစစ်ဆေးခြင်း၊ မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော လုပ်ငန်းစစ်ဆေးခြင်းဆိုင်ရာအချက်အလက်များနှင့်ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ လုပ်ငန်းရှင်များ အွန်လိုင်းမှတ်ပုံတင်ခြင်းလတ်မှတ်ထုတ်ရာတွင် လုပ်ငန်းအခက်အခဲရှိပါက ဌာနမှလည်း လုပ်ငန်းအဆင်ပြေချောမွေ့စေရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အွန်လိုင်းရောင်းချခြင်းနှင့်ပတ်သက်၍ လိုင်စင်လျှောက်ထားခြင်းမရှိဘဲ ရောင်းချနေကြောင်းကိုစိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူမည်ဖြစ်၍ အခြားသော အွန်လိုင်းရောင်းချနေသူလုပ်ငန်းရှင်များကျန်ရှိနေသေးပါကလည်း မှတ်ပုံတင်လျှောက်ထားနိုင်ရေး သိရှိနိုင်ရန် တိုက်တွန်းနှိုးဆော်ပေးရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းရှင်များကို အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)