သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဧပြီလ(၁၂) ရက်နေ့မှ ဧပြီလ(၁၈) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပဲခူးမှ ပိန္နဲသီး အလုံးကြီး ကျပ် ၂၅၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၀ မှ ၁၃၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၀၊ မြင်းမူမှ ဖရဲသီး (855) အလုံးကြီး ကျပ် ၁၀၀၀၀၊ အလုံးလတ် ကျပ် ၈၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀၊ အလုံးသေး ကျပ် ၂၀၀၊ မအူပင် (ရွှေတောင်ပေါ်) မှ သရက်သီး (မချစ်စု) အလုံးကြီးတစ်ခြင်း အလုံး ၆၀ ပါကျပ် ၃၅၀၀၀၊ အလုံး လတ်တစ်ခြင်း အလုံး ၇၅ ပါကျပ် ၂၈၀၀၀၊ အလုံးသေး တစ်ခြင်း အလုံး ၁၀၀ ပါ ကျပ် ၁၅၀၀၀၊ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်ခြင်း အလုံး ၈၀ မှ ၉၀ ပါ ကျပ် ၁၆၀၀၀၊ အလုံးလတ်တစ်ခြင်း အလုံး ၁၀၀ ပါ ကျပ် ၁၃၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)