စားသုံးသူရေးရာကော်မတီအစည်းအဝေး(၄/၂၀၂၄)ကျင်းပခြင်း

Powered by Drupal

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး(၄/၂၀၂၄)ကို တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ ဒု-ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ အဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ကော်မတီအဖွဲ့ဝင်(၉)ဦးနှင့် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက (၃/၂၀၂၄)အစည်းအဝေးမှ အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှုမှတ်တမ်းဓာတ်ပုံများ၊ (၄/၂၀၂၄)တွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစာများအား power point presentation ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များနှင့် သိရှိလိုသည်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ အား အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သားကြရန်၊ ထပ်မံဆောင်ရွက်မည့်လုပ်ငန်းများအား ဆုံးဖြတ်ချက်များချမှတ်ကာ အစည်းအဝေးကို နေ့လယ် ၁၄း၂၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)