စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်းစိုက်ပျိုးကြသည်။
ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အနီးကျေးရွာများရှိ ကြက်သွန်စိုက်တောင်သူများထံမှ ဈေးကွက်အတွင်း ကြက်သွန်နီများ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း၌ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၆၀၀-၃၇၀၀ ရှိခဲ့ရာ ယခုဒုတိယပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၄၄၀၀-၄၅၀၀ ဖြင့်ရောင်းချကြောင်း၊ ကြက် သွန်နီတစ်ပိဿာလျှင် ငွေကျပ်၈၀၀ခန့်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ ကြက်သွန်နီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရပါသည်။
DOCA(စစ်ကိုင်း)
ကန့်ဘလူမြို့နယ်တွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်လျက်ရှိ
Powered by Drupal