ကျောက်ဆည်ခရိုင်တွင် ငှက်ပျောများစတင်ရိတ်သိမ်းလျှက်ရှိပြီး ခရိုင်အတွင်း ငှက်ပျောစိုက် ဧက(၃၁၁၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ် တွင် (၁၂၈၂)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၇၅၀) ဧက၊မြစ်သားမြို့နယ်တွင် (၁၀၈၁)ဧက စိုက်ပျိုးထားရှိပြီး နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ကျောက်ဆည်မြို့နယ် တွင် (၇၄၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၅၂၅) ဧက၊မြစ်သားမြို့နယ်တွင် (၃၄၀)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ အများဆုံးစိုက်ပျိုးသောရွာများမှာ ရွှေလျောင်းကျေးရွာ၊ဆူလေးကုန်းကျေးရွာနှင့် ကံဆွယ်ကျေးရွာများဖြစ်ပြီး ငှက်ပျောစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ငှက်ပျောအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် အခိုင်(၈၀၀)အထိထွက်ရှိကြောင်း ငှက်ပျောအခိုင်(၄၀)ပါလှည်းတစ်စီး လျှင် (၂၈၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ငှက်ပျောလက်ရင်းတစ်ဖီးလျှင် (၃၅၀၀/-)ကျပ်၊ လက်ဖျားတစ်ဖီးလျှင် (၂၅၀၀-၂၆၀၀)ကျပ်အထိရောင်းချရကြောင်း ငှက်ပျောခိုင်များကို ပွဲစားများမှ ခြံထဲအရောက်လာရောက်ဝယ်ယူကြကြောင်း ပွဲစားများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ငှက်ပျောအစောထွက်ရှိသူများမှာ လှည်းတစ်စီးလျှင် (၄၀၀၀၀၀/-)ကျပ်ရောင်းချခဲ့ရပြီး ယခုခရိုင်အတွင်း ငှက်ပျောဖြိုင်ဖြိုင်ထွက်ပေါ်သောကြောင့် စျေးနှုန်းများကျဆင်းသော်လည်း စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၄၁၀၀၀၀၀/-)ကျပ် ခန့်အကျိုးအမြတ်ရရှိကြောင်း ငှက်ပျောစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)