တာမွေမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ၅-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါအလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်းပြီး (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိခြင်းရှိ/ မရှိ၊ (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းပါရှိခြင်းရှိ/ မရှိတို့ကို ကျိုက္ကဆံလမ်းမပေါ်ရှိ အလှကုန်ဆိုင်(၃)ဆိုင်အားစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)