ကော့သောင်းမြို့နယ် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ တရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှုရှိ/ မရှိ ရှောင်တခင် လိုက်လံစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ (၃)မိုင် အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း စုပုံထားသည့် တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသော ဦးဇင်မင်းအောင် (အဘ) ဦးသိန်းမြင့် (၆/ကသန(နိုင်)၀၅၈၄၉၇)ပိုင် Detergent Powder (3000g×4 Packs) (Brand: Sue Sat) C/O:Thailand (163) Pkgs တန်ဖိုးငွေကျပ် (၈,၁၅၀,၀၀၀ိ/-) ပစ္စည်းများအားတွေ့ရှိသဖြင့် ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေတို့အရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)