စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး Talk Show

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show ကို (၆-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိက ၎င်းတို့ဌာနအနေဖြင့် ဌာနဆိုင်ရာအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသိရှိနိုင်စေရန်အတွက် ဖိတ်ကြား၍ အသိပညာပေးလုပ်ငန်းဆွေးနွေးပွဲလုပ်ဆောင်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြီး၊ ယခု စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာအကြောင်း အသိပညာပေး Talk Show ဖြင့် ရှင်းလင်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူအခွင့်အရေးနှင့် လုပ်ငန်းတာဝန်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁) ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များဖော်ပြရမည့် အာမခံချက်များအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် မိမိတို့၏အခွင့်အရေးများကို သိရှိထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ၏ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့် အချက်များ၊ ဌာန၏ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)