ပန်းတနော်မြို့နယ်တွင်း ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ကုန်မျိုးစုံစားသောက်ကုန်ရောင်းချနေသော ကုန်စုံဆိုင်နှင့် စတိုးဆိုင်များတွင်ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုး တွင် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ချက်၊ ညွှန်ကြားချက်(၂/၂၀၁၉) နှင့်ကိုက်ညီမှုရှိ/ မရှိနှင့် ဈေးကွက်ရောက်ကုန်စည်များ၊ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး လုံခြုံစိတ်ချမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို (၁၁-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးတာဝန်ရှိသူက ပန်းတနော်မြို့နယ်တွင် ဟင်းခတ်အမွှေးအကြိုင်ရောင်းချနေသော ဆိုင်ရှင်လုပ်ငန်းရှင်များကို မိမိတို့ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးသည် အပင်တစ်ပင်၏ အစေ့၊ အသီး၊ အရွက်၊ အမြစ်များမှ (သို့) အပင်မှထုတ်ယူရရှိသော ပစ္စည်းများဖြစ်သည့်အတွက် ပြည်တွင်းရောင်းကုန်စည်ဖြစ်စေ၊ ပြည်ပမှ တင်သွင်းရောင်းချသော ကုန်စည်ဖြစ်စေ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ မဖြစ်အနေဖော်ပြရမည့်အချက်များကို ဆိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရောင်းချနေသော ကုန်စည်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ပန်းတနော်မြို့ပေါ်ရှိ ကုန်မျိုးဆိုင်(၅)ဆိုင်တွင်ရောင်းချနေသော အရောင်၊ အနံ့၊ အရသာများတွင် အသုံးပြုရသော ဟင်းခတ်အမွှေးအကြိုင်တို့၌ ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်စည်များကိုသာရောင်းချကြပြီး သက်တမ်းလွန်ကုန်စည်များကိုရောင်းချခြင်းမရှိပါ။ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား ၁၀မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)