“ကော့မှူးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း "

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် စက်သုံးဆီခွဲတမ်းထုတ်ယူရရှိမှုအခြေအနေ၊ စက်သုံးဆီအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေသည့် အခြေအနေတို့အား ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်ဖြိုးမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့်ဝန်ထမ်းများ၊ ခေတ္တမြို့နယ်မှူး ဦးသောင်းရွှေနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးဝဲယာမှ မကျီးကန်ကျေးရွာရှိ Apex ရတနာစက်သုံးဆီဆိုင်၊ ဇလုပ်ကြီးကျေးရွာရှိ Max စက်သုံးဆီဆိုင်၊ အဖျောက်ကျေးရွာရှိ ရွှေသရဖူစက်သုံးဆီဆိုင်များသို့ စက်သုံးဆီဝင်ရောက်မှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမအခြေအနေ၊ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးမေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ယခုအချိန်သည် မိုးစပါးစတင်ရိတ်သိမ်းနိုင်ရေးနှင့် သီးထပ်သီးညှပ်စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်ရေးသည် အရေးကြီးသောအချိန်ကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ရေးသည် အရေးကြီးကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များကို စက်သုံးဆီအပြည့်အဝဖြန့်ဖြူးရောင်းချပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါဆီသိုလှောင်ကန်များမှ စက်သုံးဆီများကို လုံလောက်စွာဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်သုံးဆီများရှိပါလျက် တရားမဝင်သိုလှောင်ထားပြီး ဖြန့်ဖြူးရောင်းချပေးခြင်းမရှိသော စက်သုံးဆီဆိုင်များအား အရေးယူဆောင်ရွက်လျက်ျက်ကြောင်းပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)