“ ခရမ်းမြို့နယ်၌ Online စနစ်ဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲကျင်းပခြင်း”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ Online စနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာများအား ဒေသအတွင်း စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သိရှိနားလည်လာစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုအရ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးတာဝန်ခံရုံးခန်းမအပေါ်ထပ်တွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးဟောပြောရာတွင် ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးတာဝန်ခံက မိတ်ဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူဆိုသောအမည်နှင့်အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်ဆိုသော အမည်နှင့်အဓိပ္ပါယ်များ Online စနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ အမည်နှင့် အဓိပ္ပါယ်တို့အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး Onlineမှ စားသုံးသူပြည်သူများ ဈေးဝယ်ယူအသုံးပြုခြင်းများမှ ရရှိလာမည့် အားသာချက်၊ အားနည်းချက်များ Online လိမ်လည်မှုပုံစံများဖြစ်သည့် စားသုံးသူပြည်သူများထံမှ ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်စီစဉ်ပြီး ငွေကြေးရယူသည့် လိမ်လည်မှုနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအရည်အသွေးနှင့်စပ်လျဉ်းသည့် လိမ်လည်မှုများအား ဥပမာပေးပြောကြားခဲ့ပြီး Online ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိစစ်သင့်သည့်အချက်အလက်များ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအနေဖြင့် စိစစ်သင့်သည့်အချက်အလက်များ၊ စားသုံးသူပြည်သူများ Online မှဈေးဝယ်ယူခြင်းကြောင့် အမှန်တကယ်နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)