စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

               (၆.၁၁.၂၀၂၄) ရက်နေတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်စောကြည်သည် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ မီလျံနာသောက်ရေသန့်စက်ရုံ၌ သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်   စီးပွားရေးလုပ်ငန်းရှင်အား   စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အသေးစိတ်အချက်အလက်များ၊ ကုန်စည်များပေါ်တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များကို မြန်မာဘာသာ (သို့မဟုတ်) မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုတွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များ၊ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)