၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့အနေဖြင့် အခြေခံစားကုန်များ၏ ဖြစ်ပေါ်မှုအခြေအနေများကို ကောက်ယူ၍ သုံးသပ်ချက်များနှင့်တကွ အထက်အဆင့်ဆင့်သို့တင်ပြလျက်ရှိရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည် ငြိမ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ ကုန်ဈေးနှုန်း ကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တိုင်းဒေသကြီး/ပြည်နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့မှ တိုင်းဦးစီးမှူး/ပြည်နယ်ဦးစီးမှူးတို့မှ မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ကုန်စျေးနှုန်းကောက်ယူမှု အခြေအနေများနှင့် လက်ရှိဖြစ်ပေါ်နေသော စျေးနှုန်း/စျေးကွက်အခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မိမိတို့ စားသုံးသူရေးရာဦးစီးဌာန Website တွင် တောင်သူလယ်သမားများ သီးနှံစျေးနှုန်းများ ကြည့်ရှုနိုင်စေရန်အတွက် Myanmar Argi Market Mobile Application လွှင့်တင်ထားရှိမှုနှင့် စပ်လျဥ်း၍ မိတ်ဆက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကာ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား ညနေ(၁၆း၂၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)