Main menu

စားသုံးသူရေးရာဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့ပါဝင်သည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့အနေဖြင့် အခြေခံစားကုန်များ၏ ဖြစ်ပေါ်မှုအခြေအနေများကို ကောက်ယူ၍ သုံးသပ်ချက်များနှင့်တကွ အထက်အဆင့်ဆင့်သို့တင်ပြလျက်ရှိရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည် ငြိမ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ ကုန်ဈေးနှုန်း ကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့် တက်‌ရောက်ခဲ့ပါသည်။

   အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တိုင်းဒေသကြီး/ပြည်နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့မှ တိုင်းဦးစီးမှူး/ပြည်နယ်ဦးစီးမှူးတို့မှ မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ကုန်စျေးနှုန်းကောက်ယူမှု အခြေအနေများနှင့် လက်ရှိဖြစ်ပေါ်နေသော စျေးနှုန်း/စျေးကွက်အခြေအနေများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မိမိတို့ စားသုံးသူရေးရာဦးစီးဌာန Website တွင် တောင်သူလယ်သမားများ သီးနှံစျေးနှုန်းများ ကြည့်ရှုနိုင်စေရန်အတွက် Myanmar Argi Market Mobile Application လွှင့်တင်ထားရှိမှုနှင့် စပ်လျဥ်း၍ မိတ်ဆက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကာ  ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား ညနေ(၁၆း၂၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)