တောင်ငူခရိုင် ရေတာရှည်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                  စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကုန်စည်များတွက် ကုန်အညွှန်းအမှတ်အသားများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်မည်ဖြစ်ရာ စစ်ဆေးရေးမှူးများသည် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ညွှန်ကြားချက်နှင့်အညီဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

                 တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်သည် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်နှင့် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးတို့နှင့်အတူ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေသော ခလေးအာဟာရဖြည့်စွက်အစာများတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                 ရေတာရှည်မြို့ရှိ ကုန်စုံဆိုင်ကြီးများတွင် Gold Power, Cerelac, Similac, Drupro အမှတ်တံဆိပ် ကလေးအာဟာရဖြည့်စွက်အစာများကို ရောင်းချသည်ကိုတွေ့ရှိရပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရကြောင်း၊ ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)