ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆန်ဈေး အနည်းငယ်အေး

Powered by Drupal

ရွှေဘိုခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးမြေပဲကို (၇၃၉၀၅)ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် (၄၂)တင်းခန့်ထွက်ရှိကြောင်း၊ မိုးမြေပဲကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၃၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/ (၆၂)တန်ဖြစ်ကြောင်း၊ ‌ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၄၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆန်တစ်တင်းလျှင် (၁၆၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၉၂၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၃၀၄၀ဝိ/-)ကျပ်ဈေးပိုမိုရရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)