
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် မြန်မာနိုိုငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ပေပါ ၁၁၀ပိဿာပါ စားအုန်းဆီ(၈၅)ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးဟိန်း ယာဉ်အမှတ် 7J-2781 ISUZU မော်တော်ယာဥ်၊ စားအုန်းဆီ(၅၃)ပေပါကို ယာဥ်မောင်း ဦးကျော်စွာထွန်း၊ ယာဉ်အမှတ် 5L-4447 HINO မော်တော်ယာဥ်တို့ဖြင့်တင်ဆောင်၍ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးဂိတ် ယာဥ်ရပ်နားစခန်း၊ ယာဉ်မောင်း ဦးပြည့်ဖြိုးမောင် ယာဉ်အမှတ် 7L-3503 HINO မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၈၅)ပေပါတင်ဆောင်၍ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဆက်ဟိန်းဂိတ် ယာဉ်ရပ်နားစခန်းများသို့ အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်၍ စစ်ဆေးခဲ့ကြောင်း၊ ရောက်ရှိလာသော စားအုန်းဆီစုစုပေါင်း(၂၂၃)ပေပါကို အဆိုပါကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့တွင်းရှိ မြောင်းပုလဲရပ်ကွက်၊ ကမြောကင်းလမ်းရှိ ဦးနိုင်ဝင်းဇော်၏ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)