မကွေးမြို့၌ မြေပဲလုံးဆန် အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြေပဲသီးနှံ (မြေပဲလုံးဆန်ဖြူ၊ မြေပဲလုံးဆန်နီ၊ မြေပြန့်လုံးဆန်)တို့ကို မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အဓိကစိုက်ပျိုးပြီး တစ်ရက်လျှင် အိတ်ရေ(၁၅၀)မှ (၃၀၀)ထိအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ဈေးနှုန်းများအနေဖြင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် မြေပဲလုံးဆန်ဖြူတစ်ပိဿာလျှင် ငွေကျပ်(၇၅၀၀-၇၈၀၀)၊ မြေပဲလုံးဆန်နီတစ်ပိဿာလျှင် ငွေကျပ်(၇၅၀၀-၇၈၀၀)၊ မြေပြန့်လုံးဆန် တစ်ပိဿာလျှင် (၇၇၀၀-၇၉၀)၊ မြေပဲလုံးဆန်ဖြူနီ(အရော) တစ်ပိဿာလျှင် ငွေကျပ် (၇၂၀၀-၇၃၀၀) တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအပြင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြည်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မြေပဲပေါ်ချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် သွက်လျက်ရှိကြောင်း မကွေးဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)