မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၉၈၅၀၀)၊ ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၉၇၅၀၀)၊ ပဲလွန်းဝါ(ကျွန်း) (၁)တင်းလျှင် ကျပ်(၆၀၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၈၁၀၀၀)၊ ပဲနှောက်(၁)တင်းလျှင် ကျပ်(၈၀၀၀၀)၊ မြေပဲလုံးဆန်(နီ)(၁)ပိဿာလျှင် ကျပ်(၇၇၀၀)၊ မြေပဲလုံးဆန်(ဖြူ) (၁)ပိဿာလျှင် ကျပ်(၇၈၀၀)၊ မြေပဲ (အောက်ကျဆီဆန်)(၁)ပိဿာလျှင် ကျပ်(၆၀၀၀)တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အောက်တိုဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကုလားပဲ(929) ကျပ်(၁၀၀၀)၊ ကုလားပဲဟော်လန် ကျပ်(၁၀၀၀)၊ ပဲနှောက် ကျပ်(၈၀၀၀)၊ ပဲတီစိမ်း ကျပ်(၄၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲလွန်းဝါ(ကျွန်း) ကျပ်(၅၀၀၀)၊ မြေပဲလုံးဆန်(နီ) ကျပ်(၁၀၀)၊ မြေပဲလုံးဆန်(ဖြူ) ကျပ်(၂၀၀)၊ မြေပဲ(အောက်ကျဆီဆန်) ကျပ်(၅၀၀) ဈေးနှုန်းလျော့ကျခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း ရန်ကုန်မြို့သို့ ကုလားပဲအိတ်(၁၀၀၀)၊ ပဲတီစိမ်းအိတ်(၁၀၀၀)၊ မြေပဲအိတ်(၅၀၀)၊ မန္တလေးမြို့သို့ မြေပဲအိတ်(၅၀၀)၊ စုစုပေါင်းအိတ်ရေ (၃၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၁၂၃၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)
မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ
Powered by Drupal