ဓနုဖြူမြို့နယ် ဆန်၊ စပါး ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်ပပို့ကုန်အဆင့်ထိ တိုးတက်အောင်မြင်

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်၏ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးလိုက်ပါ၍ ဓနုဖြူမြို့နယ်၏ ဆန်၊ စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၅.၄.၂၀၂၂) နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ဓနုဖြူမြို့နယ်သည် ကျေးရွာအုပ်စု (၆၃) အုပ်စုရှိပြီး၊ မိုးစပါး၊ နွေစပါးများ စိုက်ပျိုးထုတ်လုပ်လျှက် ရှိပါသည်။ များသောအားဖြင့် မနောသုခ၊ ဆင်းသုခ၊ GW11 ၊ ရက် ၉၀၊ ထွန်းပု၊ ပခန်း စပါးများ စိုက်ပျိုးပြီး Gold Delta ကုမ္ပဏီမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစုပံပိုးခြင်း၊ နည်းပညာပံပိုးခြင်း၊ အရည်အသွေးမြှင့်ထုတ်လုပ်သောစပါးများကို ဈေးကောင်းပေးဝယ်ယူ၍ ခေတ်မှီစက်ကရိယာများဖြင့် ကြိတ်ခွဲထုတ်လုပ်ပြီး၊ ပြည်ပတင်ပို့လျှက်ရှိကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

            ဆက်လက်၍ ဆန်စက်များသို့ ကွင်းဆင်းရာတွင် မိဘဂုဏ်ရည်ဆန်စက်ပိုင်ရှင် ဦးမျိုးဆက်နှင့် တွေ့ဆုံဆွေးနွေးရာ မိမိစက်သို့ နေ့စဉ် စပါးတင်း (၅၀၀၀) ခန့် ဝယ်ယူရရှိကြောင်း၊ ယနေ့ စပါးပေါက်ဈေးမှာ စပါးတင် (၁၀၀) လျှင် (၇၅၀၀၀၀) (ခုနှစ်သိန်း ငါးသောင်း ကျပ်ဖြင့် အရောင်းအဝယ်တွင် ကျယ်နေကြောင်းနှင့် မိမိဆန်စက်မှာ ခေတ်မှီဆန်စက်အဖြစ် တိုးမြှင့်ပြီး၊ ရန်ကုန်သို့ နေ့စဉ်ဆန်အလတ်စ တန်(၄၀) ခန့် နေ့စဉ် တင်ပို့လျှက်ရှိပါကြောင်း၊ ရန်ကုန် ကုမ္ပဏီဈေးကွက်၊ ဘုရင့်နောင် ဈေးကွက်မှသည် ပြည်ပဈေးကွက်ဆီသို့ ကုမ္ပဏီမှ တဆင့် ဈေးကွက် ရရှိနေကြောင်း ဆွေးနွေးတင်ပြပါသည်။

            မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက လယ်သမားများ မျိုးကောင်း၊ မျိုးသန့်စပါးများရရှိနိုင်ရေး စပါးများဝယ်ယူမှု၊ သယ်ယူမှုအဆင်ပြေစေရေး၊ ဈေးကွက်ရရှိမှုကို ထိမ်းသိမ်းရန် ပြည်ပဈေးကွက် တိုးတက်လာစေရန် ဌာနမှချိတ်ဆက်ပေးနိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)