စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ ဆန်၊ ပဲ၊ နှမ်းပွဲရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကွင်းဆင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စပါးဝယ်ယူရရှိမှုနှင့် ဖြန့်ဖြူးထုတ်လုပ်မှုအခြေအနေ၊ ထုတ်လုပ်သောကုန်စည်များအရည်အသွေးပြည့်မီစေရေး၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ပဲ၊ နှမ်းရောင်းဝယ်မှုအခြေအနေ၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေများကိုဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေး၊ ပဲဈေးနှုန်းနှင့် နှမ်းဈေးနှုန်းဈေးကွက်၊ အရောင်းအဝယ်ဖြစ်မှု အခြေအနေများအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)