စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၂-၁၁-၂၀၂၄)ရက်နေ့တွင် မအူပင် တာပတ်အရှေ့ကျေးရွာ ဓမ္မာရုံတွင် စားသောက်ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၁၃)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး၊ ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကိစ္စရပ်ကိုရှင်းလင်းခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များကိုရှင်းလင်းခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)၌ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ပါရှိရမည့်အချက်များကိုရှင်းလင်းခြင်း၊ စားသုံးသူသည် လိုအပ်ချက်အရ ကုန်စည်ကိုဝယ်ယူ အသုံးပြုရာတွင် စားသုံးသူနှင့်ပတ်သက်ဆက်နွှယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အကြောင်းအရာ များ၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများအားတိုင်ကြားနိုင်သည့် Website များကိုလည်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြာသွားကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)