ရေလယ်ကျွန်း မူလတန်းကျောင်းတွင် ကလေးငယ်များအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာဟောပြောခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး) သည် ၁၂-၁၁-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီမှ နံနက်(၁၁:၃၀)နာရီအချိန်ထိ ညောင်တုန်းမြို့၊ ရေလယ်ကျွန်း အခြေခံပညာမူလတန်းစာသင်ကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပါသည်။
         အဆိုပါဟောပြောပွဲတွင် ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး)က စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သည့် စိတ်ကြိက်ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲခွင့်၊ မှန်ကန်သောသတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကိုသိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အစားအစာများကိုရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့်ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများကို သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန်မေးမြန်းခဲ့ပြီးနောက် အသိပညာ‌ပေးဟောပြောခဲ့ကာ စားသုံးရန်မသင့်သော အသင့်စားမုန့်ထုပ်များကို ဖြန့်ဝေခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)