မအူပင်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်စိုက်ပျိုးရေးတောင်သူ ( ၃၀ ) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စိုက်ပျိုးတောင်သူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) တွင်ပါဝင်သော ကုန်အညွှန်း အမှတ်အသားအကြောင်းကို စိုက်ပျိုးရေးတောင်သူများအနေဖြင့် သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ သို့မှသာ လယ်ယာမြေစိုက်ပျိုးရေးသုံးပစ္စည်များဝယ်ယူသည့်အခါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါဝင်သောကုန်စည်ကို မှန်ကန်စွာရွေးချယ်သုံးစွဲတက်လာပြီး မိမိစိုက်ပျိုးသောသီးနှံများ အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားကိုကြည့်၍ သုံးစွဲပုံနည်းလမ်းအတိုင်း အသုံးပြုပါက အထွက်ကောင်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူကို အပြည့်အဝကာကွယ်ထားပြီး စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်ကျင့်ဝတ်အတိုင်း လုပ်ကိုင်ဆောင်ရွက်ပါကလည်း အပြည့်အဝကာကွယ်ပေးထားသော ဥပဒေတစ်ခုဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးဆုံးရှုံးမှု တစ်စုံတစ်ရာထိခိုက်နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ မိတ်ဖက်ဌာနများကလည်း ၎င်းတို့ဌာနနှင့်သက်ဆိုင်သော ဌာန၏လုပ်ငန်းများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)