ဓနုဖြူမြို့နယ်တာဝန်ခံရုံးတွင် စားအုန်းဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက်  (၁၁:၀၀) နာရီအချိန်တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားအုန်းဆီရောင်းချသူလုပ်ငန်းရှင် ( ၂၀ ) ဦးအား စားသုံးသူအသိပညာများဟောပြောဆွေးနွေးခဲ့ကြသည်။

      အဆိုပါဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်အတွင်း စားအုန်းဆီရောင်းချနေသောလုပ်ငန်းရှင်များအနေဖြင့် ဆီရောင်းချရာတွင် နေ့စဉ် သတ်မှတ်ရည်ညွှန်းဈေးဖော်ပြ၍ရောင်းချကြရန်၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးကိုဆွေးနွေးခဲ့ပြီး၊ မိမိတို့ရောင်းချဖြန့်ဖြူးသောဆီများကို စနစ်တကျရောင်းချကြပြီး တစ်နေ့ချင်းရောင်းချမှုပိဿာ၊ လက်ကျန်ဆီ၊ စားသုံးဆီထုတ်ယူခွင့်စာအုပ်ဖြင့် ဝယ်ယူသူများကို နေ့စဉ် စာရင်းပြုစုရောင်းချကြရန်၊ ဆီရောင်းချသူလုပ်ငန်းရှင်နှင့် စားသုံးဆီဝယ်ယူသူပြည်သူများ အငြင်းပွားမှုမရှိစေရန် စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရန် အကြံပြုဆွေးနွေးခြင်းများ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာဌာနတို့၏အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးဆီထုတ်ယူသည့် ကိုယ်စားလှယ်များ လုပ်ငန်းသုံးဆီများကို စနစ်တကျထုတ်ယူပြီး၊ စနစ်တကျငွေသွင်းမှုဆောင်ရွက်၍ ချလန်ပြေစာများကို စနစ်တကျသိမ်းဆည်းဆောင်ရွက်ကြရန် အကြံပြုပြောကြားခဲ့ပြီး ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)