ရောနှောဆီအမျိုးမျိုး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                    ၁၁.၁၁.၂၀၂၄ ရက်နေ့ နံနက်(၀၉:၂၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့၊ အနောက်ပိုင်း)မြို့နယ်နှင့် ထန်းတပင်မြို့နယ်များသို့ ရောနှောဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

                  ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဒေသခံတာဝန်ခံများမှပူးပေါင်းပါဝင်လျက် ထန်းတပင်မြို့နယ်၊ မြို့မဈေး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် City Mart (ကျန်စစ်မင်း)၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အောင်မင်္ဂလာဈေးနှင့် အင်းစိန်မြို့နယ်၊ 1 Stop Mart တို့တွင် ရောနှောဆီအမျိုးမျိုးရောင်းချ နေခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)