၁၁.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်သို့ စားအုန်းဆီမြေပြင်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးတာဝန်ခံ ဦးကျော်မင်းထက်နှင့် လက်ကားကိုယ်စားလှယ်ဦးစောအောင်မျိုးသူတို့ပူးပေါင်းပါဝင်လျက် ကုန်မျိုးစုံဆိုင်များဖြစ်သော ဦးဝင်းဗိုလ်၊ ဦးမြင့်နိုင်၊ ဒေါ်မာလာရွှေ၊ ဒေါ်တင်တင်မူနှင့် ဦးသက်ဝေဆိုင်များတွင် နေ့စဉ်ရရှိသောခွဲတမ်းများအား ရပ်ကွက်အုပ်စုအလိုက် စာအုပ်စနစ်ဖြင့်နေ့စဉ်ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်များမှ သတ်မှတ်ပေးသောဈေးနှုန်းများအတိုင်းရောင်းချပြီး အလေးချိန်မှာလည်း ပြည့်ပြည့်ဝဝပေးပါကြောင်း လက်ကျန်လည်းမထားရှိပါကြောင်း၊ နေ့စဉ်ကုန်အောင်ရောင်းချပေးပါကြောင်း၊ မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်းရှိလျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေး ယူမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)