ထန်းတပင်မြို့နယ်၊ မြို့မဈေးရှိဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                  ၁၁.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၁:၂၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်၊ မြို့မဈေးတွင်ရောင်းချနေသောဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးတာဝန်ခံ ဦးကျော်မင်းထက်မှပူးပေါင်းပါဝင်လျက် ဆန်ဆိုင်များဖြစ်သော ကိုဇော်မင်းနိုင်၊ ကိုထက်ဝေနှင့် ကိုဘာလာဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ဇီယာ၊ ဧည့်မထ၊ ပေါ်ဆန်း၊ ရက်(၉၀)၊ ကျားပျံနှင့် ပေါ်ဆန်းမွှေးတို့ကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချပါကြောင်း မိမိတို့ဈေးတွင် လက်လုပ်လက်စားများစွာနေထိုင်သောကြောင့် ဆန်မှာနေ့စဉ်အရောင်းသွက်ပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်း မိမိတို့ဌာနမှလည်း သတ်မှတ်ဈေးအတိုင်းရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)