ဈေးကွက်အတွင်းရောင်းချနေသော ငံပြာရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

               ၁၁.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၂:၄၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်သို့ ငံပြာရည်အမျိုးမျိုးအား အမှတ်တံဆိပ်ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              ထိုသို့ စစ်ဆေးခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းလမ်း၊ ကျန်စစ်သားအိမ်ရာရှိ City Mart (ကျန်စစ်မင်း)သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ တာဝန်ခံဒေါ်မျိုးမျိုးမြင့်အောင်မှပူးပေါင်းပါဝင်လျက် ငံပြာရည်အမျိုးမျိုးဖြစ်သော ကြူကြူမွှေး(ငါးငံပြာရည်)၊ ရွှေမင်းသား(ငံပြာရည်)၊ စိန်ခဲ ရွှေခဲ ငွေခဲ (ငံပြာရည်)နှင့် ကင်းမွန်(အဆင့်မြင့်ငံပြာရည်)များတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈)ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံခြင်းရှိ/ မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိကြောင်းတွေ့ရှိရပြီး တာဝန်ခံအား စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့်တာဝန်များကို တာဝန်ခံအားရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)