တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ဈေးအတွင်း/ အပြင် ရောနှောဆီအပါအဝင်စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးထားရှိမှုနှင့် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းကို ၁၀.၁၁.၂၀၂၄ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရောနှောဆီနှင့် စပ်လျဉ်း၍ ရောင်းချမှုရှိပါကလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ်ဝယ်ယူနိုင်မည့်အခြေအနေနှင့် ဝယ်ယူမှု၊ ရောင်းအားအဆင်ပြေနိုင်မှုရှိ/ မရှိ၊ အကျိုးရလာဒ်၊ အခက်အခဲအခြေအနေတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)