ညောင်ဦးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးနှင့် စားသောက်ကုန်များ ဈေးကွက်နမူနာကောက်ယူခြင်းများဆောင်ရွက်

Powered by Drupal

         စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ် ကွင်းဆင်းစိစစ်မှုများဆောင်ရွက်လျက်ရှိရာ (၈-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသောဆေးဆိုင်များအား ကွင်းဆင်းစိစစ်ခြင်းနှင့် ပုဂံလက်ဆောင်ပစ္စည်းဆိုင်များမှရောင်းချသော စားသောက်ကုန်များအား နမူနာကောက်ယူခြင်းများကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ခရိုင်/ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

         ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင် မရှိသည့် ထိန်းချုပ်ဆေးဝါးများရောင်းချခြင်းများမရှိစေရေး စိစစ်မှုများဆောင်ရွက်ခဲ့ပြီး၊ ပုဂံလက်ဆောင်ပစ္စည်းဆိုင်များမှရောင်းချသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက်များရှိ/ မရှိကိုစစ်ဆေး၍ စားသောက်ကုန်များ၏ ပစ္စည်းနမူနာကောက်ယူခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းရှင်များသိသင့်သိထိုက်သည့် ဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့် သတင်းအချက်အလက်များကို ဆွေးနွေးပြောကြားခဲ့ကြကြောင်းသိရပါသည်။

DOCA(မန္တလေး)