ငါန်းဇွန်မြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနနှင့်သက်ဆိုင်သည့် ဥပဒေပါအကြောင်းအရာများ၊ ပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များအား  နေရာပေါင်းစုံရှိ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးသိရှိလိုက်နာမှုရှိစေရန် မိမိတို့ဌာနက ဦးဆောင်၍သော်လည်းကောင်း၊ အခြားသက်ဆိုင်ရာဌာနများ၏ ဦးဆောင်ပြုလုပ်မှုများတွင် ပူးပေါင်းပါဝင်၍သော်လည်းကောင်း အသိပညာပေးလျက်ရှိရာ (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ငါန်းဇွန်မြို့ရှိ၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောဆွေးနွေးပွဲအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး၊ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကလေးသူငယ်နှင့်ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားအရေအတွက်များ၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်များ စသည်ဖြင့် ကလေးလုပ်သားပပျောက်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒေါ်မိုးမိုးစံ(အကြီးတန်းစာရေး)က လူငယ်နှင့်ကိုယ်လက်လှုပ်ရှားအားကစားခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက ခေတ်စနစ်များတိုးတက်ပြောင်းလဲလာသည့်နှင့်အမျှ ခေတ်ကိုလိုက်၍ လူနေမှုပုံစံများ၊ စားသောက်မှုပုံစံများလည်းပြောင်းလဲလာသည့်အတွက် ကျန်းမာရေးချို့ယွင်းမှုများ များလာကြောင်း၊ ကျောင်းသား/ကျောင်းသူများမှာ ငယ်ရွယ်သူများဖြစ်သည့်အတွက် ယခုအရွယ်များမှစ၍ ကျန်းမာရေးအသိပညာများလိုက်စားမှု၊ ရရှိမှုများရှိရန်လိုအပ်ကြောင်း၊ ကျန်းမာစွာနေထိုင်ရေးတွင် နေ့စဉ်စားသုံးနေသော အစားအစာများမှာ အဓိကကျ၍ လုံခြုံစိတ်ချရမှုရှိသော အစားအစာများကို ဝယ်ယူသုံးစွဲစားသောက်ကြရန်နှင့် လုံခြုံစိတ်ချရမှုရှိသော အစားအစာများကို ရွေးချယ်ဝယ်ယူရာတွင် သိသင့်သိထိုက်သည့်အကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၈၅)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)