ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဝါးခယ်မမြို့နယ်တာဝန်ခံက မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်များရောင်းချခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)