ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊ ဦးစီးအရာရှိ ဒေါ်ခင်သီ၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူး ဦးလှစိုး နှင့် ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)၊ ဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဝန်ထမ်း(၂)ဦးပူးပေါင်း၍ အလုံမြို့နယ်၊ ဆင်မင်းဈေးရုံးမှ တာဝန်ရှိသူများလိုက်ပါပြီး ၁၂.၁၁ .၂၀၂၄ ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဆင်မင်းဈေးစည်ပင်သာယာရုံးသို့သွားရောက်ပြီး အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် အခြေခံစားကုန်များ၏ (လက်လီ) ရောင်းချနေသည့်ဈေးနှုန်များ မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်းစိစစ် ဆောင်ရွက်စေရေးနှင့် ဈေးကွက်အတွင်းဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင်အမှန်တကယ်ဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းအခြေအနေများကိုသိရှိနိုင်ပြီး လိုအပ်သည်များကို စီမံဆောင်ရွက်သွားနိုင်မည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)