“ ရှောက်ချိုသီးစားသုံးခြင်းကြောင့် ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးနှင့် ရှောက်ချိုသီးဈေးကွက်”

Powered by Drupal

        ရှောက်ချိုသီးမှာ ရှောက်သီး၊ သံပရာသီး၊ လိမ္မော်သီးတို့နှင့် မျိုးရင်းတူသည့် အသီးတစ်မျိုးဖြစ်ပြီး အခွံမှာ အစိမ်းရောင်ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့နှင့် အဝါရောင်သန်းသည့် ရှောက်ချိုသီးဟူ၍ အမျိုးမျိုးရှိပါသည်။ ရှောက်ချိုသီးစားသုံးခြင်းဖြင့် အစာခြေစနစ်ကိုကျန်းမာစေ၍ ဗီတာမင်စီချို့တဲ့မှုမဖြစ်အောင် ကာကွယ်ပေးခြင်းဖြင့် ကိုယ်ခံအားကောင်းစေသည့်အပြင် ဆံကေသာကျန်းမာရေး၊ အသားအရည်ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါသည်။ ရှောက်ချိုသီးတွင် ပိုတက်စီယမ်ပါဝင်မှုကြောင့် ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးအိမ်/ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ ဂေါက်ရောဂါနှင့် ကားမူးခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သော အကျိုးကျေးဇူးများရရှိသည့် အသီးတစ်မျိုးဖြစ်ပါသည်။

          ရှောက်ချိုသီးကို အကွင်းလိုက်လှီးပြီး ဆား၊ သကြား၊ ငရုတ်သီး၊ အရောင်တင်မှုန့်အနည်းငယ်ထည့်မွှေ၍ စားရသည့်အရသာကို ကလေး/ လူကြီးကြိုက်နှစ်သက်ကြသည့်အပြင် အဖျော်ရည်အနေဖြင့်လည်းသောက်သုံးပါက ချိုချိုချဉ်ချဉ်လေးနှင့် ခံတွင်းရှင်းစေကြောင်းသိရပါသည်။ ရှောက်ချိုသီးစားသုံးခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိသည့်အတွက် စားသုံးသူများက ဝယ်ယူကြကြောင်း၊ ရှောက်ချိုသီးတစ်လုံးကို (၆၀ဝိ/-)ကျပ်မှ (၁၂၀ဝိ/-)ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဒေသအသီးသီးမှ ဝင်ရောက်လျက်ရှိကြောင်းနှင့် ရောင်းချသည့်အသီးအများစုမှာ မောက်မယ်ရှောက်ချိုသီးများဖြစ်ပြီး ပုံမှန်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)